ဝမ်းသာပီတိ

### Jalayp`s Blog မှသယ်ချင်းများအား နွေးထွေးစွာကြိုဆိုပါ၏ ။ ဘလော့ဂ် အား အချိန်ပေးလာရောက်လည်ပတ်ကြသော သယ်ချင်းများအားလုံးကို ကျေးဇူးတင်ပါသည် ။ ကျနော်သည် လေ့လာနေဆဲ User အဆင့်သာသာရှိပါသည် ။ သို့ ပေမဲ့ ကျနော် တင်ထားသမျှသည် ကျနော် ကိုယ်တိုင် စမ်းသုံးပြီးမှ တင်ထားခြင်းဖြစ်သည့်အတွက် စိတ်ချစွာ အသုံးပြုနိုင်ပါသည် ။ တစ်စုံတစ်ရာ မှားယွင်းမှူကြောင့် အဆင်မပြေမူများရှိခဲ့ပါက Comment ချန်ထားခဲ့ပါ ။ C - Box မှာအော်သွားပေးပါ ။ ကျနော့်ကို ဆက်သွယ်လိုလျှင် miniman9999@gmail.com အားဆက်သွယ်မေးမြန်းနိုင်ပါသည် ။ ရွှင်လန်းချမ်းမြေ့ကြပါစေ ... ။ ###

Saturday, June 23, 2012

ကျနော့်အကြောင်း


ကျနော့်အကြောင်းရေးရမယ်ဆိုတော့ ကျနော် အမည်က မောင်အာကာ ကျနော်မွေးနေ့ က ( 30 / 9 / 1991 )
ကျနော့်မိသားစုအကြောင်းလေးပါထည့်ရေးမယ်နော် ။ ကျနော့်မှာ အဖေရယ် အမေရယ် အဖွားရယ် 
ညီ ( 3 ) ယောက်ရှိတယ်ဗျ ။ ကျနော်ချစ်ရတဲ့ ညီ ( 3 ) ယောက်ထဲမှာ အငယ်ဆုံးနှစ်ယောက်က အမွှာလေ အရမ်း ချစ်ဖို့ ကောင်းတာပေါ့ဗျာ ။ ကျနော်ဇာတိက ကျောက်တော် ။ ကျနော် ဘာလို့  ဘလော့ အမည်ကို
Jalayp လို့ ပေးရတာလဲ ဆိုတာကိုပြောပြမယ်နော် ။ ကျနော် ကို အိမ်က အမေက အမြဲတမ်းဆူတယ် 
ဂိမ်းဆော့လို့ တဲ့ ။ ကျနော်ကလည်း ကျနော် Computer ရှေ့မှာသာထိုင်နေရမယ်ဆိုရင် ထမင်းမေ့ ဟင်းမေ့ ။
ကျနော်ဖြစ်ချင်တာက Computer ပညာရှင်ကြီးတစ်ယောက် ပေါ့ ။ ဒါပေမဲ့ ကျနော် ကိုကံကြမ္မာက မျှက်နှာ 
သာမပေးခဲ့ဘူးလေ ။ ကျနော် Computer Basic သင်တန်းလေးတောင် မတက်ခဲ့ရပါဘူး ။ ကျနော် စာဖတ်တယ် ( ကျောင်းစာဟုတ်ဘူးနော် ) လိုင်းပေါ်မှာ Computer နဲ့ ပတ်သက်ပြီး ရေးထားတဲ့ ဘလော့ဂ်တွေဖတ်တယ် ။  ကျနော့်ကို အနီးကပ် သင်ပေးမယ့် ဆရာ ဆိုတာ မရှိခဲ့ပါဘူး ။ ဘလော့ဂ်တွေ ဖိုရမ်တွေ ဆိုက်တွေက ကျနော့် ရဲ့ ဆရာတွေပါဗျာ ။ သူတို့ လို့  သူတွေသာမရှိရင် အခုလို Jalayp ဘလော့ဂ်
ဆိုတာလည်း ဖြစ်လာနိုင်မှာ မဟုတ်ဘူး ။ ဆရာတွေရဲ့ကျေးဇူးကို တစ်သက် ဘယ်တော့မှမေ့လို့  ရမှာ မဟုတ်ပါဘူး ။ ကျနော်လည်းလေကြောရှည်နေတာနဲ့ ဘာလို့ ဒီနာမည်ပေးတာလဲဆိုတာ ရှင်းဖို့ မေ့နေတယ်
ကျနော် ကဆိုးတယ်ဗျ တစ်ဇွတ်ထိုးတစ်ဇောက်ကန်း လို့ ပြောရမှာဘဲ ဘယ်သူဘာပြောပြော ကိုယ် 
မှန်တယ် ထင်ရင် လုပ်ချင်ရာလုပ်တယ် ။ စိတ်ပါတာကိုဘဲလုပ်တယ် စိတ်မပါရင် ခြင်တောင်မရိုက်ဘူး ။
( အဲလိုတော့ဖြစ်နေပြီ )  ။ တစ်နေကုန် Net Cafe မှာ နေတော့ အိမ်က ဆူလိုက် ဆူရမလားဆိုပြီး အယွဲ့ 
တိုက်  ။ အိမ်ကိုလည်း ပြန်မအိပ်တာများများလာတာပေါ့  ။ နောက်နေ့  အိမ်လည်း ပြန်ရောက်ရော ဟဲ့ 
ဂျလေဘီ ပြန်လာသေးတယ်နော်တဲ့ ။ အဲလိုခေါ်တယ်ဗျာ ကျနော်မကောင်းတာ လုပ်နေတာမှမဟုတ်တာ ။
ဝါသနာပါလို့ လေ့လာနေတာလေ ။ ကျနော်ကလည်း ဘယ်ရမလဲ ပြန်ပြောတာပေါ့ ။ အဲလိုမျိုးမသွားစေချင်
ရင် ၀ယ်ပေး ( Computer ) အဲလိုပြန်ပြောတယ်လေ ။ နောက်ဆုံးတော့လည်း ဘယ် မိဘ မဆို သားသမီး
ကိုချစ်တော့ အလိုလိုက်ရတာပါဘဲဗျာ ။ အဲတော့မှ ကျနော်လည်း ခြေငြိမ်ပြီး စိုက်စိုက်မြိုက်မြိုက် လေ့လာ
နိုင်တော့တာပါဘဲ ။ ခုလိုမျိုးဝယ်ပေးတဲ့ ဖေဖေ မေမေ ကိုလည်း ကျေးဇူးအရမ်းတင်တယ် ။ အဲတာနဲ့  
ကျနော်လည်း အဲနာမည်လေးကို အမှတ်တရဖြစ်နေတာနဲ့  Jalayp ပေးလိုက်တာပါဘဲဗျာ ။ သယ်ချင်းတို့ ကို
လည်း စကားလက်ဆောင်ပေးချင်တာက ဘယ်မိဘကမှ သားသမီးကို မချစ်ဘူးဆိုတာ မရှိပါဘူး ။ အဲတာကြောင့် မိဘ ကိုမစော်ကားပါနဲ့ လို့ ပြောပါရစေ ။ ကျနော့်ဘလော့မှာ တင်ထားသမျှသည်
ကျနော်ကိုယ်တိုင် စမ်းပြီးမှ တင်ပေးခြင်းဖြစ်တဲ့ အတွက် စိတ်ချ လက်ချ သုံးစွဲနိုင်ပါသည် ။ ကျနော် သည် 
လေ့လာနေဆဲ သင်ယူနေဆဲ ဖြစ်တဲ့ အတွက်ကြောင့် တစ်စုံတစ်ရာ အမှားပါခဲ့သည်ရှိသော် ခွင့်လွတ်ပေးကြပါ ။  ကျနော် တတ်သိ နားလည် သလောက် နည်းပညာများကို ဆက်ပြီးမျှဝေသွားပါမည် ။
မည်သူမဆို ကျနော့် ထံမှ ရှယ်နိုင်ပါသည် ။ မေးမြန်းနိုင်ပါသည် ။ ကျနော် သိနားလည်သလောက် အစွမ်း
ကုန် ရှယ်သွားပါမည် ။ ဖြစ်နိုင်မယ်ဆိုရင် ကျနော့်ထံမှ ရှယ်ထားတာလေးတွေ ရဲ့ အောက်မှာ 
Credit @ Jalayp ဆိုပြီးတော့ ထည့်ပေးစေချင်ပါတယ် ။ ခုလို စိတ်ရှည်လက်ရှည်နဲ့  ကျနော့် အကြောင်း
လေးကိုဖတ်ပေးတဲ့ သယ်ချင်းများအားလုံးကို ကျေးဇူးတင်ပါတယ် ။ အော် တစ်ခုပြောဖို့ မေ့နေတယ် 
ကျနော့်က ပျော်ပျော်နေတတ်တယ်နော် သယ်ချင်းများအားလုံး ကျနော့်ကို ညီအစ်ကိုလိုမျိုးခင်နိုင်ပါတယ် ။


ခင်မင်လျှက်
ဂျလေဘီလေး



      

No comments:

Post a Comment